ရန်ကုန်၊ ဒီဇင်ဘာ ၃၀
မြန်မာနိုင်ငံရှိ လူထုပရိသတ် အားပေးမှု အရှိဆုံး ပွဲတစ်ပွဲဖြစ်သည့် ၂၀၁၃
ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန် ဆုပေးပွဲကို ရန်ကုန်မြို့၊ Myanmar
Event Park ၌ ဒီဇင်ဘာ(၂၇)ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဆုပေးပွဲပြုလုပ်
နေစဉ် အတောအတွင်း ဖြစ်ပေါ်ခဲ့သည့် လွဲချော်မှုများအတွက် ဝေဖန်မှုများစွာ
ထွက်ပေါ်လျက် ရှိသည်။
ထိုင်းနိုင်ငံမှ တာဝန်ယူ ဆောက်လုပ်ပေးခဲ့သည့် အကယ်ဒမီ စင်မြင့်ထက်တွင်
အကယ်ဒမီ ထူးချွန်ဆုပေးပွဲ အစီအစဉ် အချို့၏ တင်ဆက်ခြင်းမှ လွဲချော်မှုများ၊
အစီအစဉ် ကြေညာသူများ၏ လွဲချော်မှုများ၊ ရုပ်ရှင် လောကသား အချို့၏ အကယ်ဒမီ
စင်မြင့်ထက်မှ လွဲချော်မှုများက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ
ဦးစီးကျင်းပခွင့် ရရှိသည့် အကယ်ဒမီ ထူးချွန်ဆုပေးပွဲကို အရုပ်ဆိုး၊
အကျည်းတန် စေခဲ့သည်။
ေေ ဖျော်ဖြေရေး အစီအစဉ်များအဖြစ် မြန်မာရိုးရာ ၀တ်စုံဝတ် အမျိုးသားငယ်နှင့်
အမျိုးသမီးငယ်တို့က အနောက်တိုင်း ဘဲလေးအကဖြင့် ကပြခဲ့ရာ မြန်မာ့
ယဉ်ကျေးမှုနှင့် ဆီလျော်မှု မရှိကြောင်း ဝေဖန်ခံခဲ့ကြရသည်။ ထို့အတူ
““မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်း”” သီချင်းကို မြန်မာ အမျိုးသားတစ်ဦး က
မြန်မာ့တူရိယာ “စောင်း”ဖြင့် စတင်တီးခတ်ခဲ့ပြီး နောက်ခံတေးဂီတအဖွဲ့မှ
ယင်းသီချင်းတီးလုံးကိုပင် Electro ဖြင့် တီးခတ်စဉ်တွင် ထိုင်းဝတ်စုံ ၀တ်ဆင်
အကဖြင့် ကပြ ဖျော်ဖြေခဲ့သည်။
ဆက်လက်၍ အကယ်ဒမီ ထူးချွန်ဆုပေးပွဲ အစီအစဉ်များကို ဆက်လက်ကျင်းပရာ
““အကောင်းဆုံး ရုပ်ရှင် တေးဂီတဆု”” ကို
““ကြယ်စင်မော်ကွန်း””ရုပ်ရှင်ဇာတ်ကားမှ ဂီတမှူး စန္ဒရား တင်ဝင်းလှိုင်က
ရရှိပြီးနောက် ၎င်းက အကယ်ဒမီဆု ရရှိသည့်အတွက် ပြောကြား သည့် ကျေးဇူးတင်
စကားများမှာ ဝေဖန်သံများ များစွာ ပေါ်ထွက်ခဲ့သည်။ ၎င်း၏ ပြောစကားများထဲမှ
““မြေးမျောက်ရှုံးအောင် ဆော့တာ ကျွန်တော် တို့ မြန်မာနိုင်ငံမှာ ရှိပါတယ်””
ဟူသည့်စကားနှင့် ဆက်စပ် သည့် မြန်မာ့နိုင်ငံရေးဆိုင်ရာ အကြောင်းအရာများမှာ
လူမှုကွန်ရက် စာမျက်နှာများနှင့် ပြည်တွင်းထုတ်မီဒီယာ စာမျက်နှာများတွင်
အများဆုံး ဖော်ပြသည့် စကား တစ်ခွန်း ဖြစ်ခဲ့သည်။
ဦးတင်ဝင်းလှိုင် ကျေးဇူးတင် စကားပြောဆိုနေချိန် အတွင်းမှာပင် သရုပ်ဆောင်
ဇော်ဇော်အောင်က အကယ်ဒမီ စင်မြင့်ပေါ်သို့ တက်ရောက်ပြီး ရေသန့်ဘူးပေးသည့်
အပြုအမူ၊ အစီအစဉ် ကြေညာသူ အခမ်းအနား မှူး ဒေါ်တင်မိုးလွင်၏ အဆိုပါ
အပြုအမူအပေါ် ပြောစကားနှင့် တွဲဘက် အခမ်းအနားမှူး အကယ်ဒမီ ရန်အောင် တို့၏
ဦးတင်ဝင်းလှိုင်အား တားမြစ်သည့် ပြောစကားတို့မှာ မြန်မာ့ရုပ်ရှင် အကယ်ဒမီ
ထူးချွန်ဆုပေးပွဲကို ကသိ ကအောက် ဖြစ်စေခဲ့သည်။
ဆက်လက်၍ “အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု”ကို ခိုင်သင်းကြည်က “စုန်းပြူး”
ဇာတ်ကားဖြင့် ရရှိခဲ့ပြီး ကျေးဇူးတင်စကား ပြောကြားရာတွင် သရုပ်ဆောင်
လုပ်သက် ကြာမြင့်ခဲ့ပြီး ရုပ်ရှင် လောကသားများ ဦးစီးချီးမြှင့်သည့်
အကယ်ဒမီဆုကို ရရှိသည့်အတွက် ၀မ်းမြောက်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
ထို့နောက်တွင် “အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆု”ကို “နင်စေရင်”
ဇာတ်ကားဖြင့် မင်းဦးက ရရှိခဲ့ပြီး ၎င်းက အနုပညာလောကတွင် ရပ်တည်ခွင့် ရရှိရန်
ချစ်စရာ ကောင်းသော မင်းဦး၊ မုန်းစရာ ကောင်းသော မင်းဦးအဖြစ်
စရိုက်မျိုးစုံ သရုပ်ဆောင်ခွင့်ရရန် အားပေးနေသည့် ပရိသတ်များ ကို
ကျေးဇူးတင်ကြောင်း ပြောကြားသွားခဲ့ သည်။
“အကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာဆု”အဖြစ် “စေတန်ရဲ့ ကချေသည်”ဇာတ်ကားဖြင့်
ဒါရိုက်တာဝိုင်း ရရှိခဲ့ပြီး ယခင် အကယ်ဒမီ ဆုရဖူးသူတို့၏ ပြောစကားများကို
အသုံးပြုထားသည့် “၀ိုင်း အကယ်ဒမီရပြီ”၊ “လူသား အားလုံးကို
ကျေးဇူးတင်ပါတယ်”စသဖြင့် ၎င်း၏ ကျေးဇူးတင် စကားများတွင် ထည့်သွင်း
ပြောကြားခဲ့သည်။
ဆက်လက်၍ “အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု”ကို “နင်စေရင်”ဇာတ်ကားဖြင့်
ဝတ်မှုန်ရွှေရည်က ရရှိကြောင်း ကြေငြာချိန်တွင် ၎င်းမှာ သူထိုင်ခုံနေရာတွင်
ရှိမနေဘဲ သန့်စင်ခန်းမှ အကယ်ဒမီစင်မြင့် ရှိရာသို့ အပြေးအလွှား လာရောက်ပြီး
အကယ်ဒမီ ထူးချွန်ဆုကို ရယူခဲ့သည်။
“အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု”ကို “နင်စေရင်” ဇာတ်ကားဖြင့် ပြေတီဦးက
ရရှိခဲ့ပြီး လာမည့် ၂၀၁၅ ခုနှစ်မှ စတင်ပြီး မြန်မာနိုင်ငံကြီး တစ်ခုလုံး
အောင်မြင်ကြီးပွားပြီး အကောင်းတကာ့ အကောင်းဆုံး ကံဇာတာကို ရောက်ရှိ၍
လိုရာဆန္ဒများ ပြည့်ဝပါစေကြောင်း ဆုတောင်းစကားများဖြင့် ကျေးဇူးတင် စကား
ပြောကြားခဲ့သည်။ ထိုသို့ ကျေးဇူးတင် စကားပြောကြားပြီး နောက်တွင်မှ
ဒါရိုက်တာဝိုင်း ကို ကျေးဇူးတင်ကြောင်း အခမ်းအနားမှူး ရန်အောင်ထံမှ
စကားပြောမိုက်ကို ဆွဲယူပြောဆိုမှုကလည်း အကယ်ဒမီ ပွဲကြည့်ရှုသူများ တအံ့တသြ
ဖြစ်ခဲ့ရသည်။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဦးစီးကျင်းပသည့် မြန်မာ့ရုပ်ရှင်
အကယ်ဒမီ ထူးချွန်ဆုပေးပွဲတွင် အခမ်းအနားမှူး နှစ်ဦးဖြစ်သည့်
ဒေါ်တင်မိုးလွင်နှင့် အကယ်ဒမီ ရန်အောင်တို့မှာ အစီအစဉ်များကို တင်ဆက်
ကြေငြာနေသည့် အချိန်အတောအတွင်း မှားယွင်း ပြောဆိုမှုများ၊ ၎င်းတို့၏
စိတ်ခံစားချက်များကို မထိန်းချုပ် နိုင်သည့် စကားများကို မကြာခဏ
ပြောဆိုခဲ့ကြသည်။
အကယ်ဒမီ ထူးချွန်ဆုများ ပေးအပ်ပြီးချိန်တွင် မြန်မာနိုင်ငံ
ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ လူမင်းက အကယ်ဒမီ ဆုရသူ ပြေတီဦးကို အလွတ် သဘော
ပြောဆိုသည့် စကားသံများ တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်တွင် ပါဝင်
သွားခြင်းများကလည်း အကယ်ဒမီပွဲ ကြည့်ရှုသူများ ၏ ဝေဖန် ပြောဆိုစရာများ
ဖြစ်ခဲ့သည်။
ယခုနှစ် အကယ်ဒမီ ထူးချွန်ဆုပေးပွဲတွင် အကယ်ဒမီ ရရှိမည့်သူများ၏ နာမည်စာရင်း
ကြိုတင် ပေါက်ကြားမှု အဖြစ် လူမှုကွန်ရက် အွန်လိုင်း စာမျက်နှာများတွင်
ပျံ့နှံ့ခဲ့သည်။
Image Slider
/* dimpost.com - Basic Style */
body{ background: transparent; font:15px/2 'Adobe Caslon Pro', Georgia, Serif; margin:0; padding:0;}
a{outline:0 none}
#pagewrap{ margin:10px auto; padding:0; position:relative; height:250px; width: 800px;}
#slidewrap{position:absolute;}
#slider { border-color: #c0c0c0; border-radius: 5px 5px 5px 5px; border-style: solid; border-width: 10px 10px 30px; box-shadow: 0 0 3px #2F2F2F; height: 240px; margin: 10px; position: relative; width: 800px;}
#slider images{ position:absolute; top:0px; left:0px; display:none;}
/* The Nivo Slider styles */
.nivoSlider { position:relative;}
.nivoSlider images { position:absolute; top:0px; left:0px;}
/* If an image is wrapped in a link */
.nivoSlider a.nivo-imageLink { position:absolute; top:0px; left:0px; width:100%; height:100%; border:0; padding:0; margin:0; z-index:6; display:none;}
/* The slices and boxes in the Slider */
.nivo-slice { display:block; position:absolute; z-index:5; height:100%;}
.nivo-box { display:block; position:absolute; z-index:5;}
.nivo-directionNav{display:none!important}
.nivo-html-caption { display:none;}
.nivo-caption{ position:absolute; right:20px; text-align:center; top:130px; width:192px; z-index:60;}
.nivo-caption p{margin:0}
.nivo-caption .title{font-style:italic}
.nivo-controlNav { bottom: -23px; display: block; height: 15px; left: 204px; position: absolute; text-align: center; width: 192px; z-index: 51; opacity: 0.6;}
.nivo-controlNav a{ background:transparent url(http://project.dimpost.com/image-slider/images/button.png) no-repeat center center; display:inline-block; height:14px; width:14px; text-indent:-9999px; cursor:pointer;}
.nivo-controlNav .active{ background:transparent url(http://project.dimpost.com/image-slider/images/button_active.png); }
No comments:
Post a Comment