Image Slider

slide web address

Acc ကိုချာလီပါတ်စ်ပို့ဌာနတွင် အာဆီယံပါတ်စ်ပို့အခမဲ့လျှောက်ထားနိုင်ပါပြီ

Drog down Menu

Thursday, 18 December 2014

ရေမြောင်းထဲတွင် ၁၀ ညတိတိ အိပ်စက်ခဲ့ရသော သနားစရာကောင်းသော မောင်နှမ(၂)အဖြစ်အပျက်

ဦးအောင်ဇော်လတ် နှင့် ဒေါ်ဝါဟုဆိုသော မိဘနှစ်ဦးတို့မှာ တာချီလိတ်မြို့ ။ မြို့မသင်္ချိုင်းနားမှာ တဲအိမ်ငယ်တလုံးဆောက်ပြီး(၁၀)နှစ်အရွယ် သမီးလေး မေသဇင်နှင့်(၆)အရွယ်သားလေးမောင်သတိုး
စောတို့နှစ်ဦးနှင့်အတူတူနေထိုင်ကြသည်သိရပါသည်။

(၁.၇.၂၀၁၄)ရက်နေ့တွင် ဦးအောင်ဇော်လတ် နှင့် ဒေါ်ဝါတို့ လင်မယားနှစ်ဦးမှာ ကျန်းမာရေးမကောင်း၍ မယ်ဆိုင်ဆေးရုံသွားတက်မည်ဟုပြောသွားပြီး အဖေနှင့်အမေသေသွားခဲ့ပါက ဘယ်မှမသွားနဲ့အိမ်မှာပဲနေ
လို့သမီးကြီးကိုပြောသွားခဲ့တယ်လို့ သမီးကြီးမေသဇင်မှ ပြောပြပါတယ်.


မိဘတွေပြန်မလာတော့ကလေးနှစ်ယောက်မှာဘုန်းကြီးကျောင်းတွေသွားပြီးထမင်းတောင်းစားတယ်၊
ညပိုင်းအိပ်ချိန်ရောက်တော့ ရွှေတိဂုံဘုရားကုန်းတော်ခြေရင်းရေမြောင်းထဲတွင်အိပ်နေရတာခုဆိုရင်(၁၀)
ရက်ရှိပါပြီ၊

မိုးရွာလာရင်တော့ မောင်နှမနှစ်ယောက်ဘုရားကုန်းတော်ပေါ်တက်အိပ်ရတယ်နက်ဖြန်ဝါဆိုလပြည့်နေ့
ဆိုတော့ယနေ့ညဘုရားကုန်းတော်မှာအစောကြီးပိတ်လိုက်လို့ယာမြေကုန်းရပ်ကွက်ထဲကိုရောက်လာကာ
ဈေးဆိုင်တစ်ဆိုင်တွင် တီဗွီဝင်ကြည့်နေကြတာပါည(၉)နာရီ(၃၀)မီးနစ်လောက်မှာဆိုင်ရှင်မှကလေး
နှစ်ယောက်အားသတိထားမိသွား၍မေးကြည့်ရာ သွားလာနေထိုင်စရာမရှိကြောင်းသိလိုက်ရသည့်အခါ ရပ်ကွက်တွင်းမှလူများဝိုင်းအုံလာကာ ဟိုလူကမွေးစားမယ်ဒီလူကမွေးစားမယ်နဲ့ မျိုးစုံပြောဆိုနေကြချိန်မကာဟိုခမ်းရပ်ကွက်အဖွဲ့ဝင်ဦးစိုးကျော်အောင် ရောက်ရှိလာပြီးမဇ္ဈိမလူမှုကူညီရေး
အသင်းအတွင်းရေးမှူဒေါ်သန်းသန်းဋ္ဌေးထံ အကူအညီတောင်းလာပါသဖြင့်ဒေါ်သန်းသန်းဋ္ဌေးမှ
ချက်ချင်းသွားရောက်ကြည့်ရှုကာမဇ္ဈိမလူမှုကူညီရေးအသင်းဥက္ကဋ္ဌဦးတင့်ဆွေထံ
သတင်းပို့အကြောင်းကြားလိုက်ပါသည်၊

ဦးတင့်ဆွေနှင့်ဦးနေမျိုးတို့ချက်ချင်းရောက်ရှိလာပါ၍မကာဟိုခမ်းရပ်ကွက်အဖွဲ့ဝင်ဦးစိုင်ကျော်အောင်နှင့်
မဇ္ဈိမလူမှုကူညီရေးအသင်းအတွင်းရေးမှူဒေါ်သန်းသန်းဋ္ဌေးတို့မှအကြောင်းစုံရှင်းပြကြပါသည်၊

ထို့နောက်ကလေးနှစ်ယောက်အားဦးတင့်ဆွေမှသေသေချာချာမေးမြန်းကြည့်ပြီး
သောအခါ မကာဟိုခမ်းရပ်ကွက်အဖွဲ့ဝင်ဦးစိုင်ကျော်အောင်နှင့်တိုင်ပင်ကာ
မဇ္ဈိမလူမှုကူညီရေးအသင်းရုံးခန်းသို့ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပါသည်။







Credit.....Mizzima


No comments:

Post a Comment

Mouse