Image Slider

slide web address

Acc ကိုချာလီပါတ်စ်ပို့ဌာနတွင် အာဆီယံပါတ်စ်ပို့အခမဲ့လျှောက်ထားနိုင်ပါပြီ

Drog down Menu

Tuesday, 3 February 2015

Asean Passport လျှောက်ထားသော သူများအား အသိအမှတ်ပြုကဒ်ပေးနေပါပြီ

ဘလော့မတင်ဖြစ်တာတောင်ကြာခဲ့ပါပြီး။ ယခုတင်လိုက်သောဘလော့လေးသည် ထိုင်းနိုင်ငံရောက်
အာဆီယံပါတ်စ်ပို့လျှောက်ထားသောမြန်မာအလုပ်သမားများအား အာဆီယံပါတ်စ်ပို့လျှောက်ထား
ကြောင်း အသိအမှတ်ပြုကဒ်လေး ထုတ်ပေးလိုက်ပြီ .....ဆိုတာ သိစေလို၍ တင်ပေးလိုက်ခြင်းဖြစ်
ပါသည်။ယခုအောက်ပါကဒ်လေးကို ကိုင်ဆောင်ထားသော သူများသည် အာဆီယံပါတ်စ်ပို့လျှောက်
ထားသောသူများကိုသာ ပေးသော ကဒ်လေးဖြစ်ပါသည်။
အောက်ပါဓါတ်ပုံတွင် ဖော်ပြထားသော သူများသည် အာဆီယံပါတ်စ်ပို့ ရိုက်ပြီးသောသူများသာ
ဖြစ်ပါသည်။















 အထက်ပါပုဂ္ဂိုလ်များ၏ ထံသို့ မကြာခင်အချိန်အနည်းငယ်အတွင်းမှာ
 အာဆီယံ(ခေါ်) International Passport ကြီး  ရောက်ရှိတော့မှာဖြစ်ပါတယ်။


Acc Chalee co.,ltd

Aseanpassport နှင့် ပတ်သက်၍သိ၇ှိလိုပါက အောက်ပါ လိပ်စာကဒ်အတိုင်း
ဆက်သွယ်မေးမြန်းနိုင်ပါတယ်။


Thursday, 15 January 2015

တရားမ၀င်ဆေးဝါး ၁၀ မျိုး မသုံးစွဲကြရန် ကျန်းမာရေးဌာနထုတ်ပြန်

တရုတ်၊ ထိုင်းနဲ့ အိန္ဒိယ
တရုတ်နိုင်ငံ Shanghai Xiandai Hasen ကုမ္ပဏီထုတ် Analgin Injection ဆေး၊ Huazhong P’cal ကုမ္ပဏီထုတ် Hydrocortisone Injection, တရုတ်စာသားတွေနဲ့ဖော်ပြထားတဲ့ Erythormycin Ointment ဆေး၊ Shanxi Xinxing P’cal ကုမ္ပဏီနဲ့ Linfen Baozha P’cal ကုမ္ပဏီထုတ် Phenolphthalein Tablet တို့ပါဝင်ပါတယ်။
ဒါ့ပြင် ထိုင်းနိုင်ငံ New Life Pharma ကုမ္ပဏီထုတ် Cyproheptadine Hydrochloride Tablet နဲ့ Dexamethasone Tablet , Picco Pharma ကုမ္ပဏီထုတ် Dicotil Tablet, Seng Thai ကုမ္ပဏီထုတ် Dexoph Eye/Ear Drops ဆေး၊  အိန္ဒိယနိုင်ငံ Suprex Laboratories ထုတ် Oxypat Tablet ဆေးဝါးတွေလည်း ဒီစာရင်းမှာ ပါဝင်ပါတယ်။
အများပြည်သူတွေအနေနဲ့ မှတ်ပုံတင်မထားတဲ့ ဆေးဝါးတွေကို ၀ယ်ယူသုံးစွဲခြင်းမပြုကြဖို့  သုံးစွဲနေတဲ့ ဆေးဝါးတွေနဲ့ပတ်သက်ပြီး  သံသယရှိရင် သတင်းပေးကြဖို့နဲ့  မှတ်ပုံတင်ထားတဲ့ ဆေးဝါးတွေကိုသာ  ဆရာဝန်ညွန်ကြားချက်ဖြင့် ၀ယ်ယူသုံးစွဲကြဖို့ သက်ဆိုင်ရာက အသိပေးနှိုးဆော်ထားပါတယ်။
ဆေးဝါးတွေ တင်သွင်းရောင်းချသူတွေအနေနဲ့  မြန်မာနိုင်ငံမှာ မှတ်ပုံတင်မထားတဲ့ ဆေးဝါးတွေ၊  ဆေးဝါးအတုတွေနဲ့  သက်တမ်းကုန်ဆေးဝါးတွေကို တင်သွင်းဖြန့်ဖြုးရောင်း ချခြင်းလုံးဝမလုပ်ဖို့နဲ့  မလိုက်နာရင် အရေးယူမယ်လို့လည်း ကျန်းမာရေးဌာနက  အသိပေး ထားပါတယ်

ပါရီ မဂ္ဂဇင်းတိုက် အကြမ်းဖက်မှု မှတ်တမ်းဗွီဒီယို ထွက်ပေါ်

ပြင်သစ်နိုင်ငံ ပါရီမြို့က ချာလီ ဟပ်ဘဒို မဂ္ဂဇင်းတိုက်ကို သေနတ်သမား ၂ ဦးက ၀င်ပစ်ခဲ့တဲ့ အဖြစ်အပျက်ကို ရိုက်ကူးထားတဲ့ မှတ်တမ်းဗွီဒီယိုတခု ဇန်န၀ါရီ ၁၃ ရက်နေ့က ထွက်ပေါ်လာပါတယ်။
ဇန်န၀ါရီလ ၇ ရက်နေ့ အဖြစ်အပျက် မှတ်တမ်း ဗွီဒီယိုကို မဂ္ဂဇင်းတိုက်အနီး အဆောက်အဦ ခေါင်မိုးပေါ်ကနေ ရိုက်ကူးထားတာ ဖြစ်ပြီး မဂ္ဂဇင်းတိုက်ထဲမှာ လူ ၁၂ ဦးကို သေနတ်နဲ့ ပစ်ပြီးနောက် သေနတ်သမား ၂ ဦးကို ရိုက်ကူးထားတာပါ။

ချာရစ်ဖ်နဲ့ ဆက်တို့ ညီအစ်ကို ၂ ဦးထဲက တဦးက တမန်တော် မိုဟာမက်အတွက် လက်စားချေနိုင်ပြီးလို့ ကြွေးကြော်နေပုံ၊ အဲဒီနောက် သူတို့ သေနတ်တွေကို ရပ်ထားတဲ့ကားပေါ် ပြန်တင်ပြီးနောက် လမ်းကျဉ်းလေးအတိုင်း မောင်းထွက်သွားခဲ့ပုံတွေကို ဖော်ပြထားပါတယ်။
ဒါ့အပြင် လမ်းမှာ ရဲကားတစီးနဲ့ တွေ့တဲ့အခါ သေနတ်သမား ၂ ဦးက ကားထဲက ထွက်ပြီး ရဲကားကို သေနတ်နဲ့ ပစ်ခတ်ပုံ၊ အဲဒီနောက် နောက်ပြန်လှည့် မောင်းထွက်သွားတဲ့ မြင်ကွင်း၊ မီတာ ၂၀၀ လောက်အကွာမှာ ရပ်လိုက်ပြီး ရဲကားတစီးနဲ့ ထိပ်တိုက်တွေ့နေပုံ၊ သေနတ်သမား ၂ ဦးထဲက ၁ ဦးက ကားပြတင်းပေါက်ကနေ ရဲကို ပစ်ခတ်နေပုံ၊ ရဲကားက နေရာမှာပဲ ရပ်တန့်နေပုံ အဲဒီနောက် ကားကို ဘယ်ချိုးပြီး မြင်ကွင်းကနေ ပျောက်ကွယ်သွားတဲ့အထိ ရိုက်ကူးထားပါတယ်။
ရဲကားက သေနတ်ကျည်ဆန် အချက်ပေါင်းများစွာ ထိမှန်ခဲ့ပုံရပြီး အတွင်းက ရဲအရာရှိကိုတော့ သေနတ်ကျည်ဆန် မထိပါဘူး။ ဒါပေမယ့် ဒဏ်ရာရပြီး လမ်းပေါ် လဲနေတဲ့ ရဲအရာရှိ အာမက် မာရာဘတ်ကို သေနတ်သမားတွေက အသေပစ်သတ်ခဲ့ပုံတွေတော့ လူမှုကွန်ရက် မီဒီယာပေါ် ရောက်လာတဲ့ တခြား ဗွီဒီယိုတခုမှာ တွေ့ရပါတယ်။
ဒါကြောင့် အခု ဗွီဒီယိုမှာ ပါတဲ့ ရဲနဲ့ သေနတ်သမားတွေ အပြန်အလှန် တိုက်ခိုက်နေပုံဟာ ရဲအရာရှိ အာမက် မာရာဘက်ကို ပစ်သတ်ခဲ့ပြီးနောက်ပိုင်း အဖြစ်အပျက်လား၊ မတိုင်ခင် အဖြစ်အပျက်လားဆိုတာကိုတော့ မသိရပါဘူး။
သေနတ်သမား ညီအစ်ကို ၂ ဦးကတော့ ပါရီကနေ ၃၅ ကီလိုမီတာ ဝေးတဲ့ မြို့က ပုံနှိပ်တိုက်မှာ ရဲတွေက ၀င်စီးတိုက်ခိုက်ခဲ့တဲ့အတွက် ဇန်န၀ါရီ ၉ ရက်နေ့က သေဆုံးခဲ့ပါတယ်။
သတင်းသဘောအရသာ တင်လိုက်ခြင်းဖြစ်ပါတယ်.မည်သည့်အတွက်မှရည်စူး၍ တင်လိုက်ခြင်းမဟုတ်ပါ.


အစားအစာထဲ ကြက်သွေးထည့်သွင်းအသုံးပြုမှု ထိုင်းအစိုးရတားမြစ်


ထောင်သားများ ထိုင်းငါးဖမ်းလှေတွင် အလုပ်ပေးမည့်အစီအစဉ် ကန့်ကွက်ခံရ

အဲအေးရှား လေယာဉ်ပျက်ကိုယ်ထည် ရအောင်ဆယ်မည်ဟုဆို



Mouse